စိန်တုံးလေး Little Diamond

Saturday, 19 December 2020

                                                          

                                                           စိန်တုံးလေး online page




 စိန်တုံးလေး online page ကို စဖွင့်တော့ဆေးကိုဘဲ အဓိကထားပြီး စတင်ဖို့ ဆုံးဖြတ်လိုက်တယ်။


ဘာလို့လည်းဆိုတော့ ကိုယ်ကိုယ်တိုင်က
ဆရာဝန်ဆိုတာ ဆေးတွေနဲ့ ပတ်သက်ရင် စိတ်ရှည်တယ်၊ စိတ်ဝင်စားတယ်။ ယုံကြည်ချက်ရှိတယ်။ သူငယ်ချင်းတွေက skin care တွေပါ တင်ဖို့ ပြောကြတယ်။ Skin care တော့ ယုံကြည်ချက် မရှိဘူး။ ကိုယ်ကိုယ်တိုင်က Skin care နဲ့ ပတ်သက်ရင် ညံ့ပါတယ်။ ဘာပြီး ဘာလိမ်းရမယ်တောင် သေချာသိတာ မဟုတ်ဘူး။ လာမေးလဲ သိပ်ရှင်းပြတတ်မယ် မထင်ဘူး။ ကိုယ် သဘောကျတဲ့ Skin care တွေ ရောင်းတဲ့ online ၂ ခု ရှိတယ်။ ၂ ခုလုံးက Admin လေးတွေက ချစ်ဖို့ကောင်းပြီး Skin care တွေရှင်းပြတာ ငေးနေရတယ်။ သူတို့ကိုသဘောကျလို့ လိုက်ဝယ်။ တကယ်က Skin careလည်း ခဏရယ်။ ဒုံရင်းက ဒုံရင်း ဘဲ သနပ်ခါး ရည်ကျဲလေးဆီ ပြန်ရောက်သွားရော။ သူတို့ကို ချစ်လို့ သဘောကျလို့ ဝယ်ထားတဲ့ Skin Care လေးတွေ ဖုန်တက်ရော။ အဲ့လိုလူက Skin Care ရောင်းရင် အမြင်မတော် ဆင်တော်နဲ့ ခလောက်ဖြစ်မှာ။ အာ့ကြောင့် မရောင်းဖြစ်တာ

ဆေးကျတော့ကိုယ်ကိုယ်တိုင် ဆရာဝန် ဖြစ်တဲ့ အပြင်အမျိုးတွေက အားကိုးလို့ လူနာရှင် လည်း ခဏခဏလုပ်ရတေ့ာ လိုအပ်ချက်တွေ၊ ဒုက္ခတွေကို သိတယ်အဲ့ဒါကြောင့် ဆေးတွေဘဲ တင်မယ်လို့ ဆုံးဖြတ်လိုက်တာ။ အခုလည်း ဆေးတွေ ရောက်မှာမို့ ဆေးအကြောင်းတွေ ရေးမတင် ဖြစ်သေးပေမယ့် အမြဲ ဖတ်ဖြစ် တွေးဖြစ်တယ်။ ဘယ်လိုလေးဆို အဆင်ပြေမယ်ပေါ့ အဲ့ဒါကြောင့် ကိုယ်စိတ်ဝင်စားတာဘဲ တင်မယ်ဖြစ်သွားတာ။ ဆရာဝန်ဘဝနဲ့ မဟာဆက်တက်ဖို့ရွေးတုန်းကလည်း အဲ့လိုဘဲ။ နာမည်ကြီး ဘာသာတွေကို မရွေးဘဲ မှုခင်းဆရာဝန် ဘဝကို ရွေးတာကိုယ်ကိုတိုင်က CSI တို့ ရွှေဥဒေါင်းတို့ ကြိုက်တဲ့အပြင် စာဖတ်ရင်လည်း စိတ်ပါတယ်။ စာသွားတယ်။အဲ့ဒါကြောင့်လည်း မဟာတက်ပြီး လုပ်သက် ၂ နှစ်ထပ်စောင့်ပြီးတာနဲ့ ပါရဂူ ဆက်တက် အခု ဒီမှာဆက်တက်စရာ ဘွဲ့မကျန်တေ့ာဘူး။ အခု လုပ်သက်၁၄ နှစ်ရှိပြီ။ ယူစရာဘွဲ့လည်း ကုန်ပြီ။ အဲ့ဒီတုန်းက ဆုံးဖြတ်ခဲ့တာ မှန်ခဲ့သလို အခုလည်း စိတ်ဝင်စားတာဘဲ လုပ်မယ် ဆိုပြီး ဆေးတွေကို အဓိက Main Themes အဖြစ် ရွေးလိုက်တယ်။

ကိုယ်စိတ်ဝင်စားတာလေးမို့ ကိုယ်သေချာ အားထုတ်နိုင်မှာပါလို့ မျှော်လင့်ရင်း ဆေးတွေ ရောက်ရင် သေချာ ရှင်းပြပေးတဲ့ post လေးတွေကို ဆေးနဲ့ တွဲပြီး တင်ပေးပါ့မယ်။ ကိုယ်လုပ်မယ့် အလုပ်ကို သေချာလုပ်ချင်လို့ online ပေမယ့် သေချာ လိုင်စင်တင်ပြီးလုပ်တာပါ။ အခု FDA ကို တင်ထားပြီး အားပေးကြပါဦးနော်။

စစ်ဆေးမှုများအားလုံး ဖြတ်ကျော်ပြီး ဆေးဝါး လက်လီ၊ လက်ကား ရောင်းချသူ လိုင်စင် ရသွားပါပြီ။
ယုံကြည်စိတ်ချစွာ ဝယ်ယူအားပေးနိုင်ပါတယ်ရှင့်

🍀💝🍀💝🍀💝🍀💝🍀💝




No comments:

Post a Comment